Subscribe:

Ads 468x60px

Pages

Featured Posts

Wednesday, September 28, 2011

စုစည်းထားသောစာအုပ်

“Canon” စကားလုံးအဓိပ္ပါယ်သည် သမ္မာကျမ်းစာထဲတွင် စုစည်းထားသောစာအုပ်များသည် သန့်ရှင်း သောဝိညာဉ်တော်ထံမှလာသော သန့်ရှင်းသောဝိညာဉ်တော်မှုတ်သွင်းထားသောစာအုပ် ဖြစ်ကြောင်း ဖော်ပြလိုခြင်းဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် မည်သည့်စာအုပ်များပါဝင်ရမည်ကို သမ္မာကျမ်း စာထဲတွင် တိတိကျကျဖော်ပြထားခြင်းမရှိသောကြောင်း မည်သည့်စာအုပ်သည် သန့်ရှင်းသောဝိညာဉ် တော်မှုတ်သွင်းထားသောစာအုပ်များဖြစ်သည်ကို ဆုံးဖြတ်ပေးနိုင်ရန် အလွန်ခဲယဉ်းသည်။ သမ္မာကျမ်းစာထဲ တွင်သန့်ရှင်းသောဝိညာဉ်တော်မှုတ်သွင်းသောစာအုပ်များစုစည်းနိုင်ရန် ပထမဆုံးဦးဆောင်သောသူများ သည် ယုဒဆရာများနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များဖြစ်ကြပြီး၊ နောက်ပိုင်းတွင် ခရစ်ယာန်များက ဦးဆောင်ထား ပါသည်။ နောက်ဆုံးတွင် ဘုရားသခင်သည် မည်သို့သောစာအုပ်များသည် သန့်ရှင်းသောဝိညာဉ် တော်မှုတ်သွင်းထားသောစာအုပ်များဆုံးဖြစ်ရာတွင် လမ်းညွန်သောပုဂ္ဂိုလ်ကြီးဖြစ်သည်။ သမ္မာကျမ်းစာအုပ် သည် ဘုရား သခင်က စာရေးသူများကို မှုတ်သွင်းခြင်းအားဖြင့်သန့်ရှင်းသောဝိညာဉ်တော်မှုတ်သွင်း ထားသော စာအုပ်များဖြစ်ကြသည်။ ထိုကြောင့်သမ္မာကျမ်းစာထဲတွင် မည်သည့်စာအုပ်များပါဝင်ရမည်ကို ဆုံးဖြတ်နိုင်ရန် ဘုရားသခင်က မိမိနောက်လိုက်သူများအား သိရှိနိုင်သောပညာကို ချပေးထားပါသည်။

ဓမ္မသစ်ကျမ်းကို ကြည့်လျှင် ဓမ္မဟောင်းကျမ်းသည် သန့်ရှင်းသောဝိညာဉ်တော်မှုတ်သွင်းခြင်းဖြစ်သည်ဟု ဖော်ပြနိုင်ရန် ငြင်းဆိုဖွယ်ရှိပါသည်။ ဟေဗြဲလူမျိုးယုံကြည်သူများသည် ဘုရားသခင်၏သတင်းကောင်းသယ် လာသူများနှင့် သူတို့ရေးသားထားသောစာများသည် ဘုရားသခင်မှုတ်သွင်းတော်မူသောစာဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ကြသည်။ အေဒီ၂၅၀ ခန့်တွင် ဓမ္မာဟောင်းကျမ်းသည် သန့်ရှင်းသောဝိညာဉ်တော်မှုတ် သွင်းခြင်းဖြစ်ကြောင်း သံသယရှိငြင်းဆိုဖွယ်မရှိပေ။ ဟေဗြဲကျမ်းစာအုပ်သည် သန့်ရှင်းသောဝိညာဉ်တော် မှုတ်သွင်းထားခြင်းဖြစ်ကြောင်း လူတိုင်းနီးပါးက သဘောတူကြသည်။ Apocrypha ခေါ်ကျမ်းပယ်အချို့များ ရှိသည်။ ယနေ့အချို့သောသူများက ကျမ်းပယ်များသည်လည်းသမ္မာကျမ်းစာထဲတွင် ပါဝင်သင့်ကြောင်း ငြင်းဆိုခဲ့ကြသည်။ ဟေဗြဲကျမ်းတတ်ပုဂ္ဂိုလ်များက ကျမ်းပယ်များသည် သမိုင်းနှင့်ဘာသာရေးဆိုင်းရာ ကောင်းသောစာအုပ်စာပေးဖြစ်ကြောင့် ထောက်ခံခဲ့သည်။ သို့သော် ဟေဗြဲကျမ်းစာအုပ်အဆင့်မမှီကြောင်း ကို ဖော်ပြထားပါသည်။

ဓမ္မသစ်ကျမ်းသည် ခရစ်ယာန်အသင်းတော်၏တစ်ရာစုတွင် အသိအမှတ်ပြုစုစည်းထားသောကျမ်းစာအုပ် ဖြစ်သည်။ ဓမ္မသစ်ကျမ်းအချို့သည် ရေးသားခဲ့ပြီးသည့်နှင့်များမကြာမှီ အသိအမှတ်ပြုခြင်းကို ခံခဲ့ပါသည်။ လုကာရေးသားထားသောစာသည် ဓမ္မဟောင်းကျမ်းကဲ့သို့ အခွင့်အာဏာရှိကြောင်း ပေါလုက ဖော်ပြထား ပါသည် (၁တိ ၅း၁၈၊ တရားဟော ၂၅း၎နှင့် လုကာ ၁၀း၇ တို့ကို ကြည့်ပါ)။ ပေါလုရေးသားထားသောစာ သည် ကျမ်းစာဖြစ်သည်ဟု ပေတာရုက အသိအမှတ်ပြုထားသည် (၂ပေ ၃း၁၅-၁၆)။ အချို့သောဓမ္မသစ် ကျမ်းများသည် ခရစ်ယာန်အသင်းတော်ကြားထဲတွင် ပျံ့နှံ့သွားခဲ့သည် (ကောလော ၄း၁၆၊ ၁သက် ၅း၂၇)။ ရောမဘုရင် ဂလဲမင့် က ဓမ္မသစ်ကျမ်းအနည်းဆုံးရှစ်အုပ်ကို ဖော်ပြထားပါသည် (အေဒီ ၉၅)။ အန္တီအုတ် ဘုရင် အစ်(ဒ်)နားရှပ်(စ်) ကလည်း ဓမ္မသစ်စာအုပ်ခုနစ်ခုတို့ကို အသိအမှတ်ပြုထားသည် (အေဒီ ၁၁၅)။ တမန်တော် ရှင်ယောဟန်၏နောက်လိုက်တပည့်၊ ပိုလီကရ်(ပ်) က ၁၅အုပ်တို့ အသိအမှတ် ပြုထားသည်။ နောက်ပိုင်းတွင် အစ်(ဒ်)နားရှပ်(စ်) က ၂၁ အုပ်ကို အသိအမှတ်ပြုထားသည် (အေဒီ ၁၈၅)။ ဟိပ်(ပ်)ပိုလီး တပ်(စ်) ကလည်း ၂၂ အုပ်တို့ အသိအမှတ်ပြုခဲ့သည် (အေဒီ ၁၇၀-၂၃၅)။ ဓမ္မသစ်ကျမ်းတွင် အဓိကငြင်းဆိုဖွယ်သောအကြောင်းအရာများသည် ဟေဗြဲသြ၀ါဒစာ၊ ရှင်ယာကုပ်သြ၀ါဒစာ၊ ရှင်ပေတရု ဒုတိ ယစောင်၊ ရှင်ယောဟန်သြ၀ါဒစာဒုတိယစောင်နှင့် ရှင်ယောဟန်သြ၀ါဒစာတတိယစောင် များတွင်တွေ့ ရှိနိုင်သည်။

ပထမ “canon” သည် Muratorian Canon ဖြစ်သည်။ အေဒီ ၁၇၀ ခန့်တွင် စုစည်းထားပါသည်။ Muratorian Canon ထဲတွင် ဟေဗြဲသြ၀ါဒစာ၊ ရှင်ယာကုပ်သြ၀ါဒစာ၊ ရှင်ယောဟန်သြ၀ါဒစာ ဒုတိယ စောင်နှင့် ရှင်ယောဟန်သြ၀ါဒစာတတိယစောင် များကလွှဲ၍ ကျန်ဓမ္မသစ်စာ အုပ်များပါဝင်လျက်ရှိသည်။ အေဒီ ၃၆၃ခုနှစ်တွင် the Council of Laodicea က ဓမ္မဟောင်းကျမ်း(ကျမ်းပယ်အပါအ၀င်) နှင့် ၂၇အုပ်ပါ ၀င်သော ဓမ္မသစ်ကျမ်းများကို အသင်းတော်အသုံးရမည်ဟု ဖော်ပြထားပါသည်။ ဟိတ်(ပ်)ပိုကောင်စီ (အေဒီ ၃၉၃) နှင့် ကား(ရ်)သိတ်(ဂ်ျ)ကောင်စီ (အေဒီ ၃၉၇) တို့က ဓမ္မသစ်ကျမ်း၂၇ အုပ်သည် အခွင့်အာ ဏာရှိကြောင်းအသိအမှတ်ပြုထားသည်။

ထိုကောင်စီများက ဓမ္မသစ်ကျမ်းသည် သန့်ရှင်းသောဝိညာဉ်တော်မှုတ်သွင်းသည်/မမုတ်သွင်းသည်ကို အောက်ပါနိယာမများကို အသုံးပြု၍ ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြသည်။ ၁။ စာရေးသူသည်တမန်တော်ရှင် ပေါ လုဖြစ်သလော (သို့)သူနှင့်ပေါင်းသင်းသောသူငယ်ချင်းတစ်ဦးဦးဖြစ်သလော။ ၂။ အများစုအနေဖြင့်၊ ထိုစာ အုပ်များကို ခရစ်တော်ခန္ဓာကိုယ်က လက်ခံသလား။ ၃။ စာအုပ်ထဲတွင် ခံယူချက်နှင့် orthodox သွန် သင်မှုများ ကိုက်ညီမှုရှိသလား။ ၄။ စာအုပ်ထဲတွင် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်များကို သက်သောထူနိုင်ရန် မြင့်မားသောကိုယ်ကျင့်တရားနှင့် ၀ိညာဉ်ရေးရာအဖိုးထိုက်သောအရာများရှိသလား။ တဖန်မှတ်သားစရာတစ်ခုသည် ယုံကြည်သူများက canon ကို ဆုံးဖြတ်ချက်မပေးခဲ့ပေ။ ကနဦးအသင်း တော်အဖွဲ့အစည်းများကလည်း canon ကို ဆုံးဖြတ်ချက်မချခဲ့ပေ။ ဘုရားသခင်သာလျှင် သမ္မာကျမ်း စာထဲတွင် ရှိသောစာအုပ်များကို ပိုင်ဆိုင်သောအရှင်၊ ဆုံးဖြတ်ပိုင်သောအရှင်ဖြစ်သည်။ ဘုရားသခင်သည် သူ၏နောက်လိုက်တပည့်တော်များအား သူဆုံးဖြတ်ခဲ့သည့်အတိုင်း မှုတ်သွင်းခြင်းသည် ဘုရားသခင်၏လုပ် ဆောင်ချက်ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် ရှိသောစာအုပ်များသည် လူတွေ၏စုစည်းထားခြင်းဖြစ်လျှင် မှားယွင်းမှုရှိနိုင်သည်။ သို့သော် ဘုရားသခင်စုစည်းထားသောစာအုပ်များဖြစ်သောကြောင့် မှားယွင်းမှုမရှိ နိုင်ပေ။ ကျွန်ုပ်တို့၏ မသိနားမလည်ခြင်းနှင့်ခေါင်းမာခြင်းများကို ဘေးချိတ်၍ ကနဦးအသင်းတော်ယုံကြည် သူများက သမ္မာကျမ်းစာထဲတွင်ရှိသောစာအုပ်များသည် ဘုရားသခင်မှုသွင်းထားသောစာအုပ်များဖြစ် ကြောင်းအသိအမှတ်ပြုခဲ့ကြသည်။


သမ္မာကျမ်းစာ

ဟေဗြဲ ၄း၁၂ ထဲတွင် “ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင် ခြင်း၊ သန်လျက်တကာတို့ထက်ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ် နှင့်ခြင်ဆီကို ၄င်းပိုင်းခြား၍ထုတ်ခြင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်းသိမြင်တတ်၏”ဟု ဖော်ပြထားပါသည်။ သမ္မာကျမ်းစာသည် လွန်ခဲ့သောနှစ်ပေါင်း ၁၉၀၀ ခန့်တွင် ရေးသားထားခဲ့သောစာအုပ် ဖြစ်သောလည်း၊ ၄င်း၏တိကျမှုနှင့်အကျုံးဝင်မှုသည် ယနေ့ထိတိုင်အောင်ပြောင်းလဲခြင်းမရှိပေ။ သမ္မာကျမ်း စာသည် ဘုရားသခင်က မိမိအကြောင်းနှင့် လူသားများအတွက်သူ၏အကြံအစည်တော်များကို ဖော်ပြပေး သော ဗျာဒိတ်တော်အားလုံးတို့၏အခြေခံစာအုပ်တစ်အုတ်ဖြစ်သည်။

သမ္မာကျမ်းစာထဲတွင် သိပ္ပံပညာရှင်များလေ့လာတွေ့ရှိချက်များနှင့် သုတေသနပြုချက်များအားဖြင့် အသိအ မှတ်ပြုသော သဘာဝအကြောင်းများကို ခိုင်လှုံစွားဖော်ပြထားပါသည်။ ၄င်းများထဲတွင် ၀တ်ပြုရာကျမ်း ၁၇း၁၁၊ ဒေသနာကျမ်း ၁း၆-၇၊ ယောဘ ၃၆း၂၇-၂၉၊ ဆာလံ ၁၀၂း၂၅-၂၇ နှင့် ကောလောသဲ ၁း၁၆-၁၇ စ သည်တို့ပါဝင်သည်။သမ္မာကျမ်းစာ သမိုင်းထဲတွင်ရှိသော ဘုရားသခင်လူသားများအားရွေးနှုတ်ကယ် တင် ခြင်းအကြောင်းအစီအစဉ်သည် အဖွင့်ပြရသေးပေ။ အခြားသောအရာများတို့သည် ကွက်ကွက်ကွင်းကွင်း ဖော်ပြထားခဲ့သည်။ ထိုသို့ဖော်ပြခြင်းများထဲတွင် သမ္မာကျမ်းစာက လူသားများ၏အကျင့်စရိုက်နှင့် စိတ် ယိမ်းယိုင်မှုများကိုလည်းထပ်မံဖော်ပြထားပါသည်။ ယနေ့ကျွန်ုပ်တို့၏အသက်တာ၌ဖြစ်ပျက်သောအရာ များကိုကြည့်လျှင် လူသားများ၏ကံကြမ္မာများသည် အခြားသောစိတ်ပိုင်းဆိုင်ရာဖော်ပြထားသော စာအုပ်စာ ပေများနှင့်မတူဘဲ၊ သမ္မာကျမ်းစာထဲတွင် ပို၍တိကျစွာဖော်ပြထားကြောင်းတွေ့ရှိနိုင်သည်။ သမ္မာကျမ်းစာ ထဲတွင် ဖော်ပြထားသောသမိုင်းအဖြစ်အပျက်များမှန်ကန်ကြောင်း အခြားသောသမိုင်းသုတေသနပြုသူများ ကလည်း အသိအမှတ်ပြုထားပါသည်။ သမိုင်းသုတေသနပြုသောသူများက သမ္မာကျမ်းစာထဲတွင် ဖြစ်ပျက် သောအကြောင်းအရာများနှင့် အခြားသောပြင်ပအဖြစ်အပျက်များသည် တထပ်တည်းတူညီကြောင်း အသိ အမှတ်ပြုမှတ်တမ်းတင်ထားပါသည်။

သို့သော်သမ္မာကျမ်းစာအုပ်သည် သမိုင်းစာအုပ်၊ စိတ်ပညာဖော်ပြပေးသောစာအုပ်၊ သိပ္ပံပညာရပ် ဘာသာ ဆိုင်ရာဖော်ပြပေးသောစာအုပ်မဟုတ်ပေ။ သမ္မာကျမ်းစာသည် ဘုရားသခင်က မိမိအကြောင်းအရာများနှင့် သူ၏အလိုတော်များနှင့် လူသားများအတွက် အကြံအစည်များကို ဖော်ပြပေးထားသောစာအုပ်တစ်အုပ် ဖြစ်သည်။ ထိုရှုပါရုံ၏အရေးကြီးဆုံးသောအကြောင်းအရာသည် အပြစ်တရားအဖြင့်ကျွန်ုပ်တို့သည် ဘုရား သခင်နှင့်အဆက်အသွယ်ပြတ်ရာမှ ကားတိုင်တော်ပေါ်တွင် ဘုရားသခင်၏သားတော်သခင်ယေရှုခရစ် တော်သည် အသေခံခြင်းအားဖြင့် ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်နိုင်ရန် ဘုရားခင်ပြင်ဆင်ပေးထားခြင်း အကြောင်းများဖြစ်သည်။ ကျွန်ုပ်တို့လိုအပ်သော ရွေးနှုတ်ကယ်တင်ခြင်းသည် ပြောင်းလဲမှုမရှိပေ။ ဘုရားသခင်၏အလိုတော်ဖြစ်သော ကျွန်ုပ်တို့နှင့်ပြန်လည်သင့်မြတ်ခြင်းသည်လည်း ပြောင်းလဲမှုမရှိပေ။

သမ္မာကျမ်းစာထဲတွင် တိကျ၍အကျုံးဝင်သောအဖြစ်အပျက်များကို ဖော်ပြထားပါသည်။ သမ္မာကျမ်းစာထဲ တွင်အရေးကြီးဆုံးဖော်ပြထားသော ရွေးနှုတ်ကယ်တင်ခြင်းသည် လူတိုင်းအတွက်ဖြစ်၍ လောကီသားများ အတွက် ထာဝရပြင်ဆင်ပေးထားသောအရာဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ခေတ်နောက် ကျခြင်း၊ အစားထိုးနိုင်ခြင်း၊ ပြောင်းလဲခြင်းမရှိနိုင်ပေ။ ယဉ်ကျေးမှုဓလေ့ထုံးစံများပြောင်းလဲသည်။ ဥပဒေများ သည်လည်းပြောင်းလဲတတ်သည်။ မျိုးဆက်သစ်များသည်လည်း ပြောင်းလဲမှုများစွာရှိသည်။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ရေးသားသည့်အချိန်ကတည်းကစ၍ယနေ့တိုင်အောင်ပြောင်းလဲခြင်း မရှိပေ။ အကျုံးဝင်နေဆဲဖြစ်သည်။ သမ္မာကျမ်းစာထဲတွင်ဖော်ပြထားသောအကြောင်းအရာများသည် ယနေ့ ကျွန်ုပ်တို့အတွက် အတိအကျအသုံးချရန်မလိုအပ်ပေ။ သို့သော်သမ္မာကျမ်းစာထဲတွင် ယနေ့ကျွန်ုပ်တို့အ တွက် လက်တွေ့အသုံးချနိုင်သော သမ္မာတရားများစွာရှိသည်။